တံတားဦး ဒီဇင်ဘာ ၂
တံတားဦးမြို့နယ်တွင် မကြာမီကာလတွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူအားလုံး ပါဝင်၍ ဆန္ဒမဲပေးနိုင်ရေး အသိပညာပေး နှိုးဆော်သည့် ဒို့အတူတူ မဲပေးကြမယ် လက်ကမ်းစာစောင်များကို ဒီဇင်ဘာ ၂ ရက်နေ့ နံနက်ပိုင်းက တံတားဦးမြို့ မြို့မဈေးအနီးတွင် ဈေးရောင်း၊ ဈေးဝယ်များ၊ ပဲမြစ်ဈေးတန်းတွင် ရောင်းဝယ်ကြသူများနှင့် အသက် (၁၈)နှစ် ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ နိုင်ငံသားအခွင့်အရေး ဆုံးရှုံးမှုမရှိစေရေး ပြည်သူအားလုံးပါဝင်ပြီး လွတ်လပ်စွာဆန္ဒမဲပေးနိုင်ရေးအတွက် ဒို့အတူတူ မဲပေးကြမယ် အသိပညာပေး လက်ကမ်းစာစောင်များကို အရောင်အသွေး စုံလင်စွာဖြင့် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
အဆိုပါ ဒို့အတူတူမဲပေးကြမယ် အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုမောင်နှင့် ဝန်ထမ်းများက ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
ရဲတင့် (ပြန်/ဆက်)