ချမ်းမြသာစည် ဒီဇင်ဘာ ၂
ချမ်းမြသာစည်မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ဒုတိယအကြိမ်မဲစာရင်း ကြေညာပြီး မဲစာရင်းတွင် ပါဝင်ခြင်းမရှိသေးသည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူများ မကျန်ရှိစေရေးအတွက် တစ်အိမ်တက်ဆင်း (Door to Door) မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ရပ်ကွက်များအလိုက် ဆက်လက်ဆောင်ရွက်ခဲ့သည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ခြင်းတွင် မြို့နယ်အတွင်း ရပ်ကွက်ကြီး ၁၄ ရပ်ကွက်သို့ ကွင်းဆင်း၍ အချက်အလက်များ ပြည့်စုံမှန်ကန်စေရေး တိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်ဇော်ဦး၊ အဖွဲ့ဝင်ဗိုလ်မှူး ထွန်းဇံဖြူနှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးရဲမင်းထွန်း၊ သက်ဆိုင်ရာ ရပ်ကွက်စာရေးများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ သက်ဆိုင်ရာရပ်ကွက်စာရေးများနှင့် ရာအိမ်မှူး/ဆယ်အိမ်မှူးများမှ Door to Door မြေပြင်ကွင်းဆင်း၍ ထပ်မံတိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အလင်းသစ်(ချမ်း/စည် ပြန်/ဆက်)