ညောင်ဦးမြို့နယ်၌ မဲစာရင်းတွင်ပါဝင်နိုင်ရေး ကွင်းဆင်းစစ်ဆေး

ညောင်ဦး ဒီဇင်ဘာ ၂

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၌ ဒုတိယအကြိမ်မဲစာရင်းများအပေါ် Door-to-door မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးခြင်းများကို ညောင်ဦးမြို့ ပေါ်ရပ်ကွက်များနှင့် ကျေးရွာသို့ ဒီဇင်ဘာ ၂ ရက်၊ နံနက် ၁၀ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ လူဦးရေစာရင်းများတိုက်ဆိုင်စစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ တိုက်နယ်မှူးများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အတွင်းရေးမှူးများက တစ်အိမ်တက်ဆင်း တိုက်ဆိုင်စစ်ဆေးခဲ့ကြသည်။

အဆိုပါ လူဦးရေစာရင်း Door-to-door မြေပြင်ကွင်းဆင်းစစ်ဆေးရာတွင် ပုံစံ-၃၊ ပုံစံ-၄၊ ပုံစံ-၄ (ဂ) များဖြင့် တောင်းဆို၊ ကန့်ကွက်၊ ပြင်ဆင်မှုများဆောင်ရွက်ပေးခဲ့ကြပြီး မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးခြင်းကို ညောင်ဦးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်နှင့်ကော်မတီဝင်များက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ဒီပါလင်း