စဉ့်ကိုင် ဒီဇင်ဘာ ၂
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးသည် ကျောက်ဆည်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဟိန်းအောင်၊ စဉ့်ကိုင်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဗိုလ်အောင်မောင်မောင်နှင့် တာဝန်ရှိသူများနှင့်အတူ စဉ့်ကိုင်မြို့နယ် ပလိပ်ကျေးရွာအုပ်စု၊ ဘူတာ(ဈေးတန်း)ကျေးရွာ၊ ဆီဆုံကျေးရွာအုပ်စု၊ ဆီဆုံကျေးရွာ၊ ဆည်ရွာကျေးရွာအုပ်စု၊ ဆည်ရွာကျေးရွာ၊ သိန်းနီကုန်းကျေးရွာအုပ်စု၊ ဇီးတောကျေးရွာနှင့် တရုတ်စုရပ်ကွက်များသို့ ဒီဇင်ဘာလ ၂ ရက်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်က ရွေးကောက်ဆိုင်ရာ မဲဆန္ဒရှင်စာရင်းများ မှန်ကန်ပြည့်စုံနိုင်ရေး door to door စနစ်ဖြင့် မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးခြင်း ဆောင်ရွက်နေမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကျေးရွာ/ရပ်ကွက်များ၌ မြို့နယ်လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျေးရွာ/ရပ်ကွက်များမှ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ရွေးကောက်ပွဲဆိုင်ရာ မဲဆန္ဒရှင်ပြည်သူများစာရင်းများ မှန်ကန်စွာပြုစုနိုင်ရေး မဲစာရင်းတွင်ပါဝင်နိုင်ရေး မဲစာရင်းအတိုး/ အလျော့များ၊ စနစ်တကျ ဆောင်ရွက်နိုင်ရေး၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ စာရင်းကျန်ရှိမှုမရှိစေရေး၊ စာရင်းကွာဟမှု မရှိစေရေး door to door စနစ်ဖြင့် တစ်အိမ်တက်ဆင်းမဲစာရင်းကောက်ယူလျက်ရှိပြီး ယင်းဆောင်ရွက်နေမှုများကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဦးအောင်ဇော်ဦးနှင့်တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ကျော်စွာ (စဉ့်ကိုင်)