ဝမ်းတွင်းမြို့နယ် အ.ထ.က (ခွဲ) တွင် အသိပညာပေးဟောပြောပွဲ ကျင်းပ

မိတ္ထီလာ ဒီဇင်ဘာ ၂

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် အမျိုးသမီးရေးရာအဖွဲ့မှ အသိပညာပေးဟောပြောပွဲကို   ဒီဇင်ဘာလ ၁ ရက်နေ့ နံနက်က အ.ထ.က (ခွဲ) ဝမ်းတွင်း (၁) တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲတွင် မြို့နယ်အမျိုးသမီးရေးရာရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နှင်းမွန်မွန်ဝင်းက အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူး စိုးလွင်ဦးက သက်ငယ်မုဒိမ်းနှင့် ပတ်သက်သည့် သိကောင်းစရာများနှင့် မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ သိကောင်းစရာများကို ဟောပြောခဲ့သည်။

၎င်းနောက် ဒုတိယမြို့နယ်ဥပဒေအရာရှိ ဒေါ်ဟန်နီဖြိုးက အမျိုးသမီးများအကြမ်းဖက်မှုမှ ကာကွယ်ရေးနှင့် အမျိုးသမိးဆိုင်ရာ ကာကွယ်ပေးထားသည့် အခွင့်အရေးနှင့် ဥပဒေများအကြောင်းကို ဟောပြောခဲ့ပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဒေါ်သီတာဝင်းက သားအိမ်ခေါင်းကင်ဆာအကြောင်း ဟောပြောခဲ့သည်။

ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစည်သူငွေစိုးက သဘာဝဘေးအန္တရာယ်ဆိုင်ရာ သိကောင်းစရာများကို ဟောပြောခဲ့ပြီး မြို့နယ်ပညာရေးဌာနမှ ဆရာမဒေါ်နှင်းနှင်းလှိုင်က အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများ ထိန်းသိမ်းစောင့်ရှောက်ရေးအကြောင်းတို့ကို အသီးသီးဟောပြောခဲ့ရာ ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

၎င်းနောက် အမျိုးသမီးရေးရာအဖွဲ့မှ အဖွဲ့ဝင်များက ကျန်းမာရေးအသိပညာပေးလက်ကမ်းစာစောင်များအား ကျောင်းသား၊ ကျောင်းသူများအား ဖြန့်ဝေခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်ဆက်)