မိတ္ထီလာမြို့၌ ဒို့အတူတူမဲပေးကြမယ် လက်ကမ်းစာစောင်များဖြန့်ဝေ

မိတ္ထီလာ ဒီဇင်ဘာ ၂

မိတ္ထီလာမြို့၌ မကြာမီကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူအားလုံးပါဝင်၍ ဆန္ဒမဲပေးနိုင်ရေးအသိပညာပေးနှိုးဆော်သည့် ဒို့အတူတူ မဲပေးကြမယ် လက်ကမ်းစာစောင်များကို ဒီဇင်ဘာ ၂ ရက်နေ့နံနက် ၉ နာရီက မြို့နယ်စည်သာယာရေးအဖွဲ့၏မြို့မဈေးကြီးအနီးတွင် ဈေးရောင်းဈေးဝယ်လာသူများနှင့် ဒေသခံပြည်သူများသို့ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

ထိုသို့ ဒို့အတူတူမဲပေးကြမယ် လက်ကမ်းစာစောင်များကို မြို့မဈေးကြီးသို့ ဈေးရောင်းဈေးဝယ်လာကြသူများနှင့် ဒေသခံပြည်သူများများထံသို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဦးမျိုးမင်းဇော်နှင့်ဝန်ထမ်းများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမောင်မြင့်နှင့် ဝန်ထမ်းများက စုပေါင်းဖြန့်ဝေပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ချမ်းသာ