ချမ်းအေးသာစံမြို့နယ်၌ ဒုတိယအကြိမ်မဲစာရင်းများအပေါ် Door- to-door မြေပြင်ကွင်းဆင်းစစ်ဆေး

ချမ်းအေးသာစံ  ဒီဇင်ဘာ ၂

ဒုတိယအကြိမ်မဲစာရင်းများအပေါ် Door-to-door မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးခြင်းများကို ချမ်းအေးသာစံမြို့နယ်အတွင်းရှိ ရပ်ကွက်များ၌ သက်ဆိုင်ရာတာဝန်ရှိသူများက ဒီဇင်ဘာ ၂ ရက်နေ့ နံနက်ပိုင်းတွင် ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ လူဦးရေစာရင်းများတိုက်ဆိုင်စစ်ဆေးရာတွင် ​မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ တိုက်နယ်မှူးများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများက တစ်အိမ်တက်ဆင်း တိုက်ဆိုင်စစ်ဆေးခဲ့ကြသည်။

အဆိုပါ လူဦးရေစာရင်း Door-to-door မြေပြင်ကွင်းဆင်းစစ်ဆေးရာတွင် ပုံစံ ၃၊ ပုံစံ ၄၊ ပုံစံ ၄(ဂ) များဖြင့် တောင်းဆို၊ ကန့်ကွက်၊ ပြင်ဆင်မှုများ ဆောင်ရွက်ပေးခဲ့ကြပြီး မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးခြင်းများကို ဒီဇင်ဘာလ ၃ ရက်နေ့အထိ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ချမ်းမြေ့မောင်(ချမ်း/စံ)