တံတားဦး ဒီဇင်ဘာ ၂
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် မဲပေးခွင့်ရှိသူများ မဲစာရင်းတွင် ကျန်ရှိမှုမရှိရေးနှင့် ပြည့်စုံမှန်ကန်သည့် မဲစာရင်းများရရှိစေရန် (Door to Door)မြေပြင်ကွင်းဆင်း စိစစ်ခြင်းလုပ်ငန်းများကိုအဖွဲ့များခွဲ၍ ရပ်ကွက်/ကျေးရွာများသို့ ကွင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ မဲစာရင်းပါဝင်ရေး လူဦးရေစာရင်းများ တိုက်ဆိုင်စစ်ဆေးရာသို့ တံတားဦးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ချမ်းငြိမ်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများသည် ဒီဇင်ဘာလ ၁ ရက်နေ့ မွန်းလွဲ (၂)နာရီအချိန်က ငါးဇင်ရိုင်းကျေးရွာ အုပ်စု၊ ချောင်းခွကျေးရွာအုပ်စု၊ ရေခါးကျေးရွာအုပ်စု၊ ရွှေမိုးမြေကျေးရွာနှင့် သဲမောင်းကန်ကျေးရွာအုပ်စုတို့အား ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများက တစ်အိမ်တက်ဆင်း တိုက်ဆိုင်စစ်ဆေးကြပြီး မဲစာရင်းတွင် ကျန်ရှိနေသူများအား ထပ်မံဖြည့်စွက်နိုင်ရန်နှင့် မဲစာရင်းတွင် မပါဝင်သင့်သူများအား ပယ်ဖျက်ခြင်းတို့ကို မှန်ကန်စွာ စိစစ်ဆောင်ရွက်နိုင်ရန် ကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရသည်။
ရဲတင့်(ပြန်/ဆက်)