ချမ်းမြသာစည် ဒီဇင်ဘာ ၂
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်တွင် မီးသတ်ဦးစီးဌာနမှ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မဲရုံများအဖြစ် ဆောင်ရွက်မည့်နေရာများအား ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်ပါသဖြင့် မီးလောင်မီးလန့်မှုများ မဖြစ်ပွား မပေါ်ပေါက်စေရေးအတွက် ဒီဇင်ဘာ ၂ ရက် နံနက် ၉ နာရီက မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးကျော်စွာမင်း ဦးဆောင်၍ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
အဆိုပါ မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်စွာမင်းနှင့် သန္ဓေမီးသတ် (၄)ဦး၊ အရန်မီးသတ် ဒုတိယတပ်ရင်းမှူးဦးဝင်းမောင်နှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်( ၃၀ )ဦး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းသန့်နှင့် ရာအိမ်မှူးများပူးပေါင်းကာ ကံသာယာရပ်ကွက်အတွင်း မဲရုံပတ်ဝန်းကျင်ရှိ လူနေအိမ်များအား တစ်အိမ်တက်ဆင်းစစ်ဆေးခြင်း၊ မီးသုံးစွဲမှုများနှင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးချိတ်/မီးကပ်/သဲ/ရေ/မီးသတ်ဆေးဘူးများ ပြည့်စုံစွာထားရှိစေရေး၊ မီးငြှိမ်းသတ်ရေးစနစ်များ တပ်ဆင်ထားရှိမှုများအား စစ်ဆေးအကြံပေးခြင်းနှင့် မီးသတိပေးလက်ကမ်းစာဆောင်များ ဖြန့်ဝေပေးခြင်းနှင့် လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
အလင်းသစ် (ချမ်း/စည် ပြန်/ဆက်)