ချမ်းအေးသာစံမြိုနယ် ဒေးဝန်းအနောက်ရပ်ကွက်ရှိ အများပြည်သူများမှ မဲစာရင်းများလာရောက်ကြည့်ရှု

ချမ်းအေးသာစံ  ဒီဇင်ဘာ ၂

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းအေးသာစံမြို့နယ် ဧရာဝတီကမ်းနားလမ်းရှိ နဒီဝင်းဓမ္မာရုံ၌ ဒေးဝန်းအနောက်ရပ်ကွက်တွင်နေထိုင်သည့် အများပြည်သူများမှ ရွေးကောက်ပွဲကာလတွင် ဆန္ဒမဲပေးနိုင်ရန်အတွက် မဲစာရင်းများကို  ဒီဇင်ဘာ ၁ ရက်နေ့နံနက်ပိုင်းတွင် လာရောက်ကြည့်ရှုခဲ့သည်။

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်နှင့်အထက် မဲပေးပိုင်ခွင့်ရှိသည့်နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရန် ဆန္ဒမဲပေးနိုင်ရေးအတွက် ​အများပြည်သူများမှ မဲစာရင်းများကို လာရောက်ကြည့်ရှုကြသည်။

အဆိုပါမဲစာရင်းများတွင် မိမိအမည်မပါခဲ့လျှင် ပုံစံ ၃ ​ဖြင့်လည်းကောင်း၊ ပြင်ဆင်လိုလျှင် ပုံစံ ၄(ဂ)ဖြင့်လည်းကောင်း၊ ကန့်ကွက်လိုလျှင် ပုံစံ ၄ ဖြင့်လည်းကောင်း သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများ၌ လျှောက်ထားနိုင်ကြောင်း သိရသည်။

ချမ်းမြေ့မောင်(ချမ်း/စံ)