ဟားခါး နိုဝင်ဘာ ၂၅
ဟားခါးမြို့နယ်အတွင်းရှိရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ၊ မဲရုံမှူး ၊ ဒုမဲရုံမှူး များ လုပ်ငန်းလမ်းညွှန်ဆိုင်ရာသင်တန်းဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၂၅ ရက် နံနက် ၉ နာရီခွဲက ဟားခါးမြို့နယ်စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ ခေတ္တချင်းပြည်နယ်ဝန်ကြီးချုပ် ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးနေစိုး ၊ စီးပွားရေးရာဝန်ကြီး ဒေါက်တာလျန်ဇခုပ် ၊ သယံဇာတရေးရာဝန်ကြီး ဦးကောလ်လျန်ထန်း ၊ ပြည်နယ် ၊ ခရိုင် ၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များနှင့် သင်တန်း တက်ရောက်မည့် ရပ်ကွက် / ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များနှင့် မဲရုံမှူး ၊ ဒုမဲရုံမှူး များ တက်ရောက်ကြသည်။
ဦးစွာ ခေတ္တချင်းပြည်နယ်ဝန်ကြီးချုပ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲအဖြစ် အောင်မြင်စွာ ကျင်းပဆောင်ရွက်နိုင်ရန် ကျရာကဏ္ဍကနေ ပေးအပ်သည့်တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲတွင် MEVM စက်များ အသုံးပြုမည်ဖြစ်၍ စက်နှင့်ပတ်သက်၍လည်းကောင်း၊ ရပ်ကွက် / ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့များအတွက် ပြဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ငန်းလမ်းညွှန်များကို သေချာနားလည် တတ်ကျွမ်းရန် လိုအပ်ပါကြောင်း၊ ထို့အတူ ရပ်ကွက်/ ကျေးရွာ ၊ မြို့နယ်၊ ခရိုင်၊ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများအနေဖြင့် အချိတ်အဆက်မိမိ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ရွေးကောက်ပွဲသည် နိုင်ငံတော်၏ အန္တိမရည်မှန်းချက်ဖြစ်သည့်အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဆောင်ပုဒ်ဖြစ်သည့် “အများယုံကြည့်လက်ခံသည့် ရွေးကောက်ပွဲမှသည် ဒီမိုကရေစီနိုင်ငံသို့” ဆိုသည့်အတိုင်း လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲကျင်းပနိုင်ရေး ပေးအပ်သည့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကြရန်နှင့် လုပ်ငန်းအခက်အခဲများရှိပါကလည်း သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်မှ တစ်ဆင့် တင်ပြကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ရွေးကောက်ပွဲအရာရှိ ဦးကျော်စိုးနိုင်က ဟားခါးမြို့နယ်အတွင်းရှိရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ မဲရုံမှူး၊ ဒုမဲရုံမှူးများအနေဖြင့် အသစ်ပြဌာန်းလိုက်သည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ငန်းလမ်းညွှန်များကို ကျွမ်းကျင်ပိုင်နိုင်စွာနှင့် ကိုယ်တိုင်တတ်ကျွမ်း ကိုယ်တိုင်ဆောင်ရွက်နိုင်ရန်အတွက် ယခုကဲ့သို့ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းတင်ပြသည်။
ယင်းနောက် ခေတ္တချင်းပြည်နယ်ဝန်ကြီးချုပ်က နည်းပြ၊ ကြီးကြပ်သူနှင့် သင်တန်းသား ၊ သင်တန်းသူများအတွက် ထောက်ပံ့ငွေများကို ပေးအပ်ရာ နည်းပြ၊ ကြီးကြပ်သူနှင့် သင်တန်းသား ၊ သင်တန်းသူများကိုယ်စား ဟားခါးမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူတစ်ဦးက လက်ခံရယူကြောင်း သိရသည်။၏
ခရိုင် ပြန်/ဆက်