မြိတ် နိုဝင်ဘာ ၂၅
Polytechnic University (မြိတ်)တွင် (၂၀၂၅-၂၀၂၆) ပညာသင်နှစ် ဘွဲ့ကြို(ပထမနှစ်) သင်တန်းတက်ရောက်ကြမည့် မောင်မယ်သစ်လွင်များနှင့် သင်တန်းများအားလုံးကို ယမန်နေ့တွင် စတင်ဖွင့်လှစ်ပြီး သင်ကြားသင်ယူမှုများ စတင်ဆောင်ရွက်လျက်ရှိသည်။
Faculty of Engineering တွင် ကျောင်းသား/သူ(၄၁၀)ဦးရှိပြီး Faculty of Computing တွင် ကျောင်းသား၊ ကျောင်းသူ(၃၄၂)ဦးတို့အား ဒုတိယပါမောက္ခချုပ်၊ သင်တန်းရေးရာ ဌာနမှူးနှင့် ဆရာ/မများက လှိုက်လှဲပျူငှာ နွေးထွေးစွာ ကြိုဆိုခဲ့ကြပြီး ဆရာ/မများမှ ဦးဆောင်ပြီး ကျောင်းသား၊ ကျောင်းသူများဖြင့် သင်ကြားသင်ယူမှုများ စတင်ဆောင်ရွက်သည်။
သင်ကြားသင်ယူမှုများ စတင်ချိန်တွင် မောင်မယ်သစ်လွင်များနှင့် သင်တန်းများအားလုံးရှိ ကျောင်းသား၊ ကျောင်းသူများကို သင်တန်းရေးရာဌာနမှူးမှ ကျောင်းစည်းကမ်းများ၊ အဆောင်စည်းကမ်းများ၊ သင်ကြားရေးဆိုင်ရာ စည်းကမ်းများ၊ မြန်မာ့ယဉ်ကျေးမှုနှင့်အညီ ဝတ်စားဆင်ယင်မှုများကို ရှင်းလင်းပြောကြားကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)