ကျေးလက်နေပြည်သူများအတွက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးရွာချင်းဆက် မြေသားလမ်းဖောက်လုပ်ခြင်းလုပ်ငန်းဆောင်ရွက်

ကျွန်းစု နိုဝင်ဘာ ၂၅

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ် လင်မလိုကြီးကျေးရွာနှင့် သဲတန်းကြီးကျေးရွာတို့ကို ဆက်သွယ်ဖောက်လုပ်မည့် ကျေးရွာချင်းဆက် လင်မလိုကြီး-သဲတန်းကြီး မြေသားလမ်းဖောက်လုပ်ခြင်းလုပ်ငန်းကို ကျပ်သန်း (၆၀၀) ကျော်ဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါလမ်းကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေကျပ် (၆၂၃.၇၂၀) သန်းဖြင့် ကျေးရွာချင်းဆက် မြေသားလမ်း အကျယ်ပေ (၃၀) အရှည် (၆) မိုင်ဖောက်လုပ်ခြင်းလုပ်ငန်းကို ဩဂုတ်လမှ စတင်ကာ ဆောင်ရွက်လျက်ရှိရာ (၆၅)ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီ ဖြစ်သည်။

လင်မလိုကြီးကျေးရွာနှင့် သဲတန်းကြီးကျေးရွာတို့မှ ဒေသခံပြည်သူများသည် ယခင်က တစ်ရွာနှင့်တစ်ရွာသွားလာရာတွင် ရေကြောင်းခရီးတစ်ခုတည်းသာ သွားလာခဲ့ရပြီး ယခုကျေးရွာချင်းဆက်လမ်း ဆောင်ရွက်ပြီးစီးပါက အဆိုပါကျေးရွာ(၂)ရွာမှ ဒေသခံပြည်သူများ အချိန်တိုအတွင်း လွယ်ကူလျင်မြန်စွာ သွားလာနိုင်မည်တော့မည်ဖြစ်သည်။

ကျေးရွာချင်းဆက် မြေသားလမ်းဖောက်လုပ်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအားကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မြိတ်ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)နှင့် မြို့နယ်တာဝန်ခံအင်ဂျင်နီယာတို့မှ ယမန်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးကြပြီး တာဝန်ရှိသူများအား သတ်မှတ် ကာလအတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန်မှာကြားခဲ့ကြောင်း သိရသည်။

ခိုင်ထူး