ပုလော နိုဝင်ဘာလ ၂၅
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာကျောင်းတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့ နံနက် ၁၀ နာရီက ပုလောမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
လူငယ်စကားဝိုင်းတွင် ကျောင်းအုပ်ဆရာကြီး ဦးမြကိုက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမော်က ကျောင်းသား/ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးလာစေရန်၊ ထူးချွန်ထက်မြက်သည့် လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရန်၊ ကျောင်းသားအချင်းချင်း အသိပညာဖလှယ်နိုင်ရန်နှင့် လူအများရှေ့တွင်ရဲ့ဝံ့စွာစကားပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများရရှိလာစေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ လူငယ်စကားဝိုင်းတွင် လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ ကိုယ်ကျင့်တရားစံနှုန်း၊ လူငယ်နှင့်စာဖတ်ခြင်းအလေ့အထ၊ လူငယ်နှင့်အားကစားမှ နိုင်ငံတော်အတွက်အကျိုးပြုမည့်အရာ ခေါင်းစဉ်ဖြင့် မောင်စွမ်းထက်အောင်(Grade-11)၊ မအိမြင့်မြတ်ဆု (Grade-11)၊ မခင်ရတီလွင် (Grade-10)၊ မောင်မင်းမြတ်စံ( Grade-10)တို့က ဆွေးနွေးခဲ့ကြောင်းနှင့် ဆွေးနွေးသူ ကျောင်းသား/သူများကို မြို့နယ်အမျိုးသမီးရေးရာအဖွဲ့အတွင်းရေးမှူး ဒေါ်စန်းစန်းဝေတို့က အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အေးအေးမော် (ပုလော)