ညောင်ဦးခရိုင်၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အကြို စာစီစာကုံး၊ ကျပန်းစကားပြော၊ ပုံပြင်ပြောနှင့်ကဗျာရွတ်ဆိုပြိုင်ပွဲများ ကျင်းပ

ညောင်ဦး နိုဝင်ဘာ ၂၅

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၇ ရက်နေ့တွင်ကျင်းပမည့် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုး တိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်ကြမည့် စာစီစာကုံး၊ကျ ပန်းစကားပြော၊ စာစီစာကုံးနှင့်ကဗျာရွတ်ပြိုင်ပွဲကျင်းပခြင်းများကို ညောင်ဦးမြို့၊ ကျောက်ပန်းတောင်းမြို့၌ နိုဝင်ဘာ ၂၅ ရက်၊ နံနက် ၉ နာရီအချိန်မှစတင်၍ နေရာဒေသအသီးသီးတွင် ပြိုင်ပွဲများကျင်းပလျက်ရှိကြောင်း သိရသည်။

ရှေးဦးစွာ ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ရည်မွန်သူက ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကျင်းပရခြင်းရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး ၊ပြိုင်ပွဲများ၏ အမှတ်ပေးစည်းကမ်းချက်များအား ရှင်းလင်းပြောကြားသည်။ထို့နောက် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အကြို စာစီစာကုံး၊ ကျပန်းစကားပြော၊ ပုံပြင်ပြောနှင့်ကဗျာရွတ်ဆိုပြိုင်ပွဲများကို ညောင်ဦးမြို့၊ အခြေခံပညာအထက် တန်းကျောင်း(ညောင်ဦး)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ ကျောက်ပန်းတောင်းမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတို့၌ ပြိုင်ပွဲများ တပြိုင်နက်ကျင်းပလျှက်ရှိကြောင်း သိရသည်။

ဒီပါလင်း