ရေဖြူမြို့နယ်တွင် မီးဘေးလုံခြုံရေး စစ်ဆေး

ထားဝယ် နိုဝင်ဘာ ၂၅

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်တွင် မီးဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းက ရေဖြူမြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ကိုမင်းဦးဆောင်၍ တပ်ဖွဲ့ဝင်များက ရေဖြူမြို့ပေါ်ရပ်ကွက်များအတွင်း တစ်အိမ်တက်ဆင်း မီးဘေးလုံခြုံရေးစစ်ဆေးပြီး မဲရုံအဖြစ် ဆောင်ရွက်မည့် စာသင်ကျောင်းအနီးပတ်ဝန်းကျင်ရှိ ဈေးဆိုင်များနှင့် လူနေအိမ်များအား မီးဘေးလုံခြုံရေးလုပ်ငန်းများကို စစ်ဆေးဆောင်ရွက်သည်။

ထို့နောက် ဦးစီးမှူးနှင့်တပ်ဖွဲ့ဝင်များက ရပ်ကွက်နေပြည်သူများအား မီးလောင်မှု/ မီးလန့်မှုများ မဖြစ်ပွားစေရေး မီးဘေးလုံခြုံရေး အထူးဂရုပြုဆောင်ရွက်ကြရန်၊ လျှပ်စစ်မီးများအသုံးပြုရာတွင် မီးဘေးအန္တရာယ် ကင်းဝေးစေရန် စနစ်တကျကိုင်တွယ်အသုံးပြုကြရန်၊ ထင်း/မီးသွေး မီးဖိုများဖြင့် ထမင်း/ ဟင်းများ ချက်ပြုတ်ပြီးပါက မီးကြွင်းမီးကျန်များကို သေချာစွာငြှိမ်းသတ်ထားရှိရန်၊ မီးဘေးကြိုတင်ကာကွယ်ရေး ပစ္စည်းများနှင့် ရေရရှိရေးလုပ်ငန်းများ ကြိုတင်ပြင်ဆင်ထားရှိရေး၊ မီးဘေးလုံခြုံစိတ်ချရမှု ရှိ/မရှိ   လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ငွေဇင်ယော်(ထားဝယ်)