ဘုတ်ပြင်း နိုဝင်ဘာ ၂၄
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ်၌ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီးငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၁၄၁ သန်းဖြင့် ဆောင်ရွက်လျက်ရှိသော အုန်းတောကမ်းကျေးရွာ တွင်းလမ်းပေါ်ရှိ ၂၀ ပေ (6.1m) သံကူကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်းအား နိုဝင်ဘာ ၂၁ ရက်နေ့က တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ် (မြို့ပြ)ဦးထွန်းဝေသည် ညွှန်ကြားရေးမှူး(မြို့ပြ)၊ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)နှင့် ဦးစီးအရာရှိ(မြို့ပြ)တို့လိုက်ပါလျှက် သံကူကွန်ကရစ်တံတားတည်ဆောက်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းခွင့်သုံးပစ္စည်းများ သတ်မှတ်အရည်အသွေးကိုက်ညီရေး၊ ဒီဇိုင်းများပြည့်မီအောင် ဆောင်ရွက်သွားရန်နှင့် ကျေးလက်နေပြည်သူများ ကျန်းမာရေး၊ စီးပွားရေး ပိုမိုအဆင်ပြေချောမွေ့စေရေးအတွက် လုပ်ငန်းများသတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားကြရန် တာဝန်ရှိသူများကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)