ပုလော နိုဝင်ဘာ ၂၁
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက် ၁၀ နာရီက ပုလောမြို့ အမှတ် (၂) အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ပုလောမြို့နယ် သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးတင်အောင်မျိုးက သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုး/မြူငွေ့ ဖြစ်ပေါ်လာသည့် အကြောင်းအရင်းများ၊ မီးခိုးမြူငွေ့အမျိုးအစားများ၊ မီးခိုးမြူငွေ့၏ ဆိုးကျိုးများ၊ ကာကွယ်နိုင်သည့်နည်းလမ်းများ၊ တောမီးအန္တရာယ်နှင့် ကြိုတင်ကာကွယ်နိုင်ရေးနည်းလမ်းများ၊ Fire Hotspot များနှင့် သစ်တောများထိန်းသိမ်းခြင်းဖြင့် သဘာဝဘေးအန္တရာယ်များ လျှော့ချနိုင်မှုနှင့်ကြိုတင်ကာကွယ်ခြင်း၊ ရာသီဥတုပြောင်းလဲခြင်းနှင့်သစ်ပင်စိုက်ပျိုး၊ ပြုစုခြင်းနည်းစနစ်များအား ဟောပြောခဲ့သည်။
ထိုနောက် ကျောင်းသား/ ကျောင်းသူများနှင့် ဆရာ/ ဆရာမများက သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပြီး၊ အမှိုက်ခွဲခြားခြင်း လက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့ကြောင်းနှင့် အ.လ.က (၂) ကျောင်းစာကြည့်တိုက်အတွက် သစ်တောကြေးမုံစာစောင်များ ပေးအပ်လှူဒါန်းခဲ့ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြင်ကြင်သောင်းက လက်ခံရယူခဲ့သည်။
အေးအေးမော်(ပုလော)