ကျောက်တန်းမြို့နယ်၌ မီးဘေးလုံခြုံရေးစစ်ဆေးထောက်ခံချက် (fire safety certificate) (FSC) သက်တမ်းတိုး ဆောင်ရွက်ပေး

ကျောက်တန်း နို၀င်ဘာ ၂၀

ကျောက်တန်းမြို့နယ်၊ သီလဝါဆိပ်ကမ်း၊ မြေကွက်အမှတ် ၅၊ ၆၊ ၇၊ ၈၊ ၉ ရှိ Myanmar International Terminals Thilawa (MITT) Steel Structure (၁) ထပ်၊ (၂) လုံး Waerhouse - 1 & Waerhouse - 2 အဆောက်အဦအား မီးဘေးလုံခြုံရေးစစ်ဆေးထောက်ခံချက် (Fire Safety Certificate) (FSC) သက်တမ်းတိုး ဆောင်ရွက်ခြင်းကို ယနေ့ ၉ နာရီက ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါမီးဘေးလုံခြုံရေးစစ်ဆေးထောက်ခံချက် (Fire Safety Certificate) သက်တမ်းတိုးဆောင်ရွက်ခြင်းကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်၏ သတ်မှတ်ညွှန်ကြားချက်၊ လုပ်ထုံလုပ်နည်းနှင့်ကိုက်ညီမှုရှိ/ မရှိအား မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦး ဦးဆောင်သောအဖွဲ့ဖြင့် စစ်ဆေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သန့်ဇင်ထွန်း