ဖာပွန် နိုဝင်ဘာ ၁၉
မဲစာရင်းတွင်ပါရှိသည့် မဲဆန္ဒနယ်ပြင်ပသို့ သွားရောက်၍ ကျောင်းတက်ကြမည့် တက္ကသိုလ်ကျောင်းသား/ ကျောင်းသူများသည် မိမိတို့၏ မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် ယနေ့နံနက် (၁၀) နာရီမှ ညနေ (၄) နာရီထိ ဖာပွန်မြို့နယ်၊ ကမမောင်းမြို့ရှိ သက်ဆိုင်ရာ သတ်မှတ်နေရာများသို့ လာရောက် ကြိုတင်ဆန္ဒမဲပေးခဲ့ကြကြောင်း သိရသည်။
မဲဆန္ဒနယ်ပြင်ပရောက် ကျောင်းသား/ ကျောင်းသူများအနက် ရွေးကောက်ပွဲ စတင်ကျင်းပမည့် ဒီဇင်ဘာ ၂၈ ရက်တွင် အသက် (၁၈) နှစ် ပြည့်ပြီး ဥပဒေအရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများဖြစ်ပါက မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် သက်ဆိုင်ရာ ကျောင်းများသို့ မသွားရောက်မီ မိမိတို့၏မဲစာရင်းပါရှိရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးတွင် မိမိတို့ ကိုင်ဆောင်သည့် နိုင်ငံသားစိစစ်ရေးကတ်နှင့် သက်ဆိုင်ရာ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှ ထုတ်ပေးသည့် ကျောင်းသားစိစစ်ရေးကတ် သို့မဟုတ် ကျောင်းဝင်ခွင့် အထောက်အထားတို့ကို ပြသ၍ ကြိုတင်ဆန္ဒမဲပေးနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ အသိပေးကြေညာထားရှိကြောင်း သိရသည်။
တက္ကသိုလ်ကျောင်းသား/ကျောင်းသူများအနေဖြင့် မိမိတို့ကိုင်ဆောင်သည့် နိုင်ငံသားစိစစ်ရေးကတ်နှင့် သက်ဆိုင်ရာ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များမှ ထုတ်ပေးသည့် ကျောင်းသား စိစစ်ရေး ကတ် သို့မဟုတ် ကျောင်းဝင်ခွင့် အထောက် အထားတို့ကို ပြသ၍ ကြိုတင်ဆန္ဒမဲလက်မှတ်များ ထုတ်ယူနိုင်ပြီး မိမိဆန္ဒအလျောက် နှစ်သက်သည့်ကိုယ်စားလှယ်လောင်းကို လျှို့ဝှက်ဆန္ဒပြုခန်း၌ ဆန္ဒမဲပေး၍ သက်ဆိုင်ရာ လွှတ်တော်အသီးသီးရှိ မဲပုံးများတွင် ကြိုတင်ဆန္ဒမဲပေးနိုင်ပြီး ကြိုတင်ဆန္ဒမဲပေးခြင်းကို နိုဝင်ဘာ ၁၇ ရက်မှ ၂၁ ရက်နေ့အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)