သင်္ဃန်းကျွန်းခရိုင်တွင် အခြေခံစာကြည့်တိုက်ပညာသင်တန်း (၁/၂၀၂၅) ဒုတိယနေ့ဆက်လက်သင်ကြား

သင်္ဃန်းကျွန်း နိုဝင်ဘာ ၁၉

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် အခြေခံစာကြည့်ပညာသင်တန်း (၁/၂၀၂၅) အား ယနေ့နံက်ပိုင်းက ဆက်လက်ဖွင့်လှစ်သင်ကြားခဲ့သည်။

သင်တန်းဖွင့်လှစ်သင်ကြားသည့် ဒုတိယမြောက်နေ့တွင်ဒေါ်ချစ်ဆုဝေ (ဦးစီးအရာရှိ)ဒေါပုံမြို့နယ်၊ ဒေါ်လှလှထွေး (ဦးစီးအရာရှိ)ရန်ကင်းမြို့နယ်ရုံးတို့က တာဝန်ယူထားသည့် ဘာသာရပ်အလိုက် သင်ခန်းစာများအား အချိန်များခွဲခြား သင်ကြားခဲ့ကြသည်။

ထို့နောက် အခြေခံစာကြည့်တိုက်ပညာသင်တန်း (၁/၂၀၂၅)အား သင်တန်းနည်းပြများအဖြစ် ဒေါ်ချစ်ဆုဝေ ဦးစီးအရာရှိ(ဒေါပုံမြို့နယ်ရုံး)၊ဒေါ်လှလှထွေး ဦးစီးအရာရှိ(ရန်ကင်း)၊ဒေါ်ခင်ဆွေနှင်း ဦးစီးအရာရှိ(တောင်ဥက္ကလာပ)၊ဒေါ်အေးမဥ္ဇူ ဦးစီးအရာရှိ(ဒဂုံ-အရှေ့)တို့မှ သင်ကြားပိုချမည်ဖြစ်ပြီး သင်တန်းသား/သင်တန်းသူ (၂၀)ဦးတက်ရောက်သင်ကြားကာ သက်တန်းကာလမှာ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ (၁၈)ရက်နေ့မှ (၂၀)ရက်နေ့ထိ (၃)ရက်သင်ကြားပို့ချမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဇော်မိုး (သင်္ဃန်းကျွန်း)