သုံးခွ နိုဝင်ဘာ ၁၉
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ဆောင်ရွက်သော After Lunch Tooth Brushing Activity အခမ်းအနားကို အမှတ် (၉) ရပ်ကွက်၊ အောင်ဇေယျလမ်းမကြီးရှိ အ.ထ.က(မြို့မ) ကျောင်းတွင် နိုဝင်ဘာ ၁၈ ရက် နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ တိုင်းကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး Dr.Kon Stan မှ ကျောင်းသား/သူများအား သွားနှင့်ခံတွင်းကျန်းမာရေးအတွက် သွားတိုက်ပုံနည်းစနစ်များ၊ သွားနှင့်ခံတွင်ကျန်းမာရေး ကောင်းမွန်ခြင်း၏ အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းသား/သူများအား သွားတိုက်နည်းပုံစံများကို သရုပ်ပြသခဲ့ကြောင်းသိရသည်။
အခမ်းအနားသို့ တိုင်းကျန်းမာရေးဦးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး Dr.Kon Stan နှင့်ဆရာဝန်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သဲမာထွေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
စည်သူလင်း(ပြန်/ဆက်)