ရန်ကုန်တိုင်း ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာနန္ဒဝင်းနှင့် အဖွဲ့ (သန်လျင်) မြို့နယ် ပုဂ္ဂလိကပိုင် ဆေးရုံများအား စစ်ဆေး

ရန်ကုန် နိုဝင်ဘာ ၁၉

သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၌ ရန်ကုန်တိုင်း ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဆရာကြီး ဒေါက်တာနန္ဒဝင်းဦးဆောင်၍ ညွှန်ကြားရေးမှူး ဒေါက်တာရန်နောင်ထွန်း၊ ခရိုင်ကုသရေးဦးစီးဌာနမှူး ဒေါက်တာချောနန္ဒီ၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသီရိရွှေစင်၊ သန်လျင်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်တီဥက္ကဋ္ဌ ဦးစိုးတင့်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယမန်နေ့မွန်းလွဲပိုင်းက သန်လျင်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကဆေးရုံများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် သန်လျင်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကပိုင်ဆေးရုံများအား သတ်မှတ်ထားသည့် စည်မျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ထားရှိမှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့ကြကြောင်း သိရသည်။

ဖြိုးသီဟ(သန်လျင်)