ချမ်းမြသာစည် နိုဝင်ဘာ ၁၉
၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအားလုံး ဆန္ဒမဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်အတွင်းရှိ ကျောင်းသား/သူများအနက် မဲဆန္ဒနယ်ပြင်ပရှိ တက္ကသိုလ်၊ ဒီဂရီ ကောလိပ်၊ ကောလိပ်အသီးသီးသို့ တက်ရောက်ကြမည့် ကျောင်းသား၊ ကျောင်းသူများ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် ဆောင်ရွက်နေမှုများကို ယနေ့နံနက် ၉ နာရီက မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့သည်။
မဲဆန္ဒနယ်ပြင်ပရှိတက္ကသိုလ်အသီးသီးသို့ တက်ရောက်ကြမည့် ချမ်းမြသာစည်မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် ရပ်ကွက် (၁၄) ရပ်ကွက်ရှိ မဲရုံ(၈၇)ရုံ၌ နိုဝင်ဘာ ၁၇ ရက်မှ ၂၁ ရက်အထိ နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၄ နာရီခွဲအထိ ငါးရက်တာ ကာလအတွင်း မဲပုံးများဖြင့် ကြိုတင်ဆန္ဒမဲလက်မှတ်များ ကောက်ယူဆောင်ရွက်လျက်ရှိရာ (၁၉-၁၁-၂၀၂၅)ရက်နေ့အထိ ကျောင်းသား ၉ ဦးနှင့် ကျောင်းသူ ၄ ဦး စုစုပေါင်း ၁၃ ဦး လာရောက်ကြိုတင်ဆန္ဒမဲပေးခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်ဇော်ဦးနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာ အကြီးအကဲများနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌတို့က လိုက်လံကြည့်ရှု အားပေးလျက်ရှိကြောင်း သိရသည်။
အလင်းသစ်(ချမ်း/စည်)