ဟိုပင်မြို့ ဇောတိကုန်းကျေးရွာအုပ်စု၊ ဇောတိကုန်းကျေးရွာတွင် တက္ကသိုလ်၊ ကောလိပ်ကျောင်းသား၊ ကျောင်းသူ(၁)ဦးက ကြိုတင်ဆန္ဒမဲပေး

ဟိုပင် နိုဝင်ဘာ ၁၉

ကချင်ပြည်နယ်၊ ဟိုပင်မြို့၊ ဇောတိကုန်းကျေးရွာနေ တက္ကသိုလ်၊ ကောလိပ်ကျောင်းသား/သူ(၁)ဦးက ကြိုတင်ဆန္ဒမဲပေးခြင်းကို ယမန်နေ့နံနက် (၉) နာရီတွင် မဲရုံအမှတ်(၆၄)တွင် ကြိုတင်ဆန္ဒမဲပေးခဲ့ကြောင်း သိရသည်။

အဆိုပါ မဲဆန္ဒပြင်ပရောက် ကျောင်းသူတစ်ဦး စိတ်အေးချမ်းသာစွာ ကြိုတင်ဆန္ဒမဲပေးစေရန်အတွက် ဟိုပင်မြို့အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးအောင်နှင့် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ကော်မရှင် အဖွဲ့ဝင်များက ဆောင်ရွက်ထားရှိပါသည်။

ထိုသို့ကြိုတင်ဆန္ဒမဲပေးခြင်းမှာ တက္ကသိုလ်၊ ကောလိပ်ကျောင်းသား/သူများသည် ရွေးကောက်ပွဲစတင်ကျင်းပမည့် ၂၈-၁၂-၂၀၂၅ ရက်နေ့တွင် ကျောင်းတက်ရောက်ကြမည် ဖြစ်သောကြောင့် အသက်(၁၈)နှစ် ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဖြစ်ပါက မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် သက်ဆိုင်ရာကျောင်းသို့မသွားမီ မိမိတို့၏မဲစာရင်းပါရှိရာ ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးတွင် ၁၇-၁၁-၂၀၂၅ ရက်နေ့မှ ၂၁-၁၁-၂၀၂၅ ရက်နေ့အထိ နံနက် (၉) နာရီမှ ညနေ (၁၆:၃၀) နာရီအတွင်း မိမိတို့ ကိုင်ဆောင်သည့် နိုင်ငံသားစိစစ်ရေးကတ်နှင့် သက်ဆိုင်ရာ တက္ကသိုလ်၊ ကောလိပ်ကျောင်းများမှ ထုတ်ပေးထားသည့် ကျောင်းသားကတ်(သို့မဟုတ်) ကျောင်းဝင်ခွင့်အထောက်အထားတို့ကိုပြသ၍ ကြိုတင်ဆန္ဒမဲပေးနိုင်ကြောင်း သိရသည်။

လင်းသွယ်ဦး