သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

တွံတေး နိုဝင်ဘာ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံ‌တေးမြို့နယ်၊ ဘုရားကြီးစံပြကျေးရွာ အ.ထ.က (ဘုရားကြီး)ကျောင်းတွင် “သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ  အသိပညာပေးဟောပြောပွဲ”ကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အ.ထ.က (ဘုရားကြီး)ကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

ဆွေးနွေး‌ဟောပြောပွဲတွင် တွံ‌တေးမြို့နယ်သစ်တောဦးစီးဌာနမှမြို့နယ်ဦးစီးဌာနမှူး ဦးထွန်းအာကာက ကမ္ဘာ‌မြေထိန်းသိမ်းခြင်းဆိုင်ရာအ‌ခြေခံနည်းလမ်းများ၊ သစ်တောများကပေးစွမ်းနိုင်သော အကျိုးကျေးဇူး၊ မြန်မာနိုင်ငံသစ်တော ဖုံးလွှမ်းမှုပြောင်းလဲလာခြင်းနှင့် ပြောင်းလဲမှုအကြောင်းများ၊ သစ်တောများပြန်လည်တည်ထောင်ရေး စီမံကိန်းလုပ်ငန်းများအကြောင်း၊ မီးခိုးမြူငွေ့များဖြစ်ပေါ်စေသည့် တောမီးလောင်ကျွမ်းမှုဆိုင်ရာအကြောင်း၊ လေထုညစ်ညမ်းမှု၏ ဆိုးကျိုးများ၊ ပြည်သူလူထု ပူးပေါင်းပါဝင်သော သစ်တောထိန်းသိမ်းရေး၊ မီးခိုးမြူငွေ့လျှော့ချရေးနှင့် တောမီးလောင်ကျွမ်းမှု လျှော့ချစေနိုင်မည့်နည်းလမ်းများကို အသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောင်းအုပ်ဆရာမကြီး‌ ​ဒေါ်ဥမ္မာအောင်နှင့်ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်သစ်တောဦးစီးဌာနမှူး ဦးထွန်းအာကာပါသစ်တော ဝန်ထမ်းများ စုစုပေါင်း (၂၂၀) ဦး တက်ရောက်ခဲ့သည်။

မျိုးလှိုင်(တွံတေး)