ပုံပါကျင် နိုဝင်ဘာ ၁၉
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ၀န်ထမ်းများသည် စာဖတ်ဝိုင်းမှတစ်ဆင့် ဘ၀အထောက်အပံ့ဖြစ်စေမည့် အတွေးအခေါ်ကောင်းများ ရရှိရန်ရည်ရွယ်၍ စာရေးဆရာ ချစ်နိုင် (စိတ်ပညာ) ရေးသားထားသည့် "ခေါင်းဆောင်ကောင်း'' စာအုပ်ကို နိုဝင်ဘာ ၁၇ ရက်နေ့ မွန်းလွဲ (၂) နာရီက ပုံပါကျင်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်အိအိဖြိုးက စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး စာဖတ်ဝိုင်းကို ဆက်လက်ကျင်းပရာ (Book Club) ဥက္ကဋ္ဌ ဦးထွန်းလင်းက "ခေါင်းဆောင်ကောင်း" ဦးစွာဖတ်ကြားဆွေးနွေးခဲ့ပြီး (Book Club) အဖွဲ့ဝင်များက "မြင်သူနဲ့မမြင်သူ" "အောင်မြင်လိုချင်လူတွေအောင်မြင်အောင်ကူညီပါ" စသည့် ခေါင်းစဉ်အသီးသီးဖြင့် ဆွေးနွေးခဲ့ကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ယနေ့ခေတ်လူငယ်များအတွက် စာဖတ်သည့် အလေ့အထကောင်းများရရှိစေရန်၊ စာအုပ်စာပေဝါသနာရှင်များ စုစည်း၍ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းကို ဖွဲ့စည်းကာ စာဖတ်ဝိုင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဝင်းဝင်းအိ (ပြန်/ဆက်)