ရန်ကုန် နိုဝင်ဘာ ၁၉
ရန်ကုန်တိုင်းဒေသကြီ၊ အင်းစိန်မြို့နယ်၊ ရွာမ(အရှေ့) ရပ်ကွက်၊ မင်းကြီးလမ်းရှိမြို့နယ်ခန်းမတွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်လုပ်ငန်းလမ်းညွှန်သင်တန်းကို ယမန်နေ့နံနက်ပိုင်းက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမြင့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်ဇေယျာမင်းက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို နိုဝင်ဘာလ(၁၈)ရက်နေ့မှ နိုဝင်ဘာလ(၂၁)ရက်နေ့အထိ လေးရက်ကြာဖွင့်လှစ်သွားမည်ဖြစ်ပြီးသင်တန်းသို့ သင်တန်း သား၊ သင်တန်းသူ(၁၀၃)ဦးတို့ တက်ရောက်လျက်ရှိကြောင်းသိရသည်။
သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမြင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မဲရုံမှူး နည်းပြ သင်တန်းသား၊ သင်တန်းသူများတက်ရောက်ခဲ့ကြကြောင်းသိရသည်။
ထွန်းလင်းကျော်