ကြည့်မြင်တိုင်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာဖတ်ဝိုင်းကျင်းပ

ကြည့်မြင်တိုင်   နိုဝင်ဘာ ၁၉

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club)အသင်းတို့ ပူးပေါင်းပြီး စာရေးဆရာ သမိုင်းမြို့မဘုန်းတေဇ ရေးသားသည့် “ကိုယ့်အရိုးကိုယ်ချီနိဗ္ဗာန်ဆီ”စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ နေ့လယ် ၁ နာရီက ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 စာဖတ်ဝိုင်းတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း Book Club အသင်းဥက္ကဋ္ဌ စာရေးဆရာမတင့်တယ်ခင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။

 ဆက်လက်၍ စာဖတ်ဝိုင်းကိုကျင်းပခဲရာ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ(Book Club) အသင်းမှ အဖွဲ့ဝင်များက ကိုယ့်အရိုးကိုယ်ချီနိဗ္ဗာန်ဆီ စာအုပ်ပါအကြောင်းအရာများအား ဆွေးနွေးခဲ့ကြသည်။    အဆိုပါစာဖတ်ဝိုင်းသို့  စာပေဝါသနာရှင်များ၊ စာအုပ်စာစောင် ချစ်မြတ်နိုးသူများ(Book Club)အသင်းမှ အဖွဲ့ဝင်များတက်ရောက်ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုကြကြောင်း သိရသည်။

ခိုင်ဇာလင်း(ပြန်/ဆက်)