ကျောက်တန်း နို၀င်ဘာ ၁၉
ကျောက်တန်းမြို့နယ်မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၏ လုပ်ငန်းတာဝန်များ မြို့နယ်အဆင့်နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၁၇ ရက်နေ့နံနက် ၉ နာရီ၌ ကျောက်တန်းမြို့နယ်၊ ရွှေမှော်ဝန်းသာသနာ့ဗိမာန်၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ကျောက်တန်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဘုန်းခန့်အောင်မှ အဖွင့်အမှာစကားပြောကြား၍ ခရိုင်ကော်မရှင်အဖွဲ့ဝင် ဒေါ်ခင်အေးညွန့်မှ ရွေးကောက်ပွဲဆိုင်ရာကိစ္စများအား ဆွေးနွေးပြောကြားကာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးထွန်းဝေက မဲရုံးမှူး၊ ဒုမဲရုံမှူးများနှင့် သက်ဆိုင်သည့် အကြောင်းအရာများအား ဆွေးနွေး ပြောကြားပြီး မြို့နယ်အဆင့် မဲရုံမှူး၊ ဒုတိယမဲရုံမှူး၏လုပ်ငန်းတာဝန်များအား ကျောက်တန်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဒေါ်အေးအေးချို ဦးဆောင်သော သင်တန်းနည်းပြများမှ သင်တန်းအချိန်ဇယားပါအတိုင်း သင်ကြားပို့ချခဲ့သည်။
အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘုန်းခန့်အောင်နှင့်တာ၀န်ရှိသူများ၊ ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ၊ အဖွဲ့၀င်များမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ တက်ရောက်ခဲ့ကြပြီး မြို့နယ်အဆင့်နည်းပြသင်တန်းသို့ သင်တန်းသား/သူ စုစုပေါင်း (၁၅၄)ဦးဖြင့် သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သန့်ဇင်ထွန်း