သီးနှံစုံပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် အထွက်နှုန်းကွာဟချက်အပေါ် ဆန်းစစ်ခြင်း (Training of Trainer-TOT) ဆရာဖြစ်သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

ချမ်းမြသာစည် နိုဝင်ဘာ ၁၉

မန္တလေးတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ သီးနှံစုံပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် အထွက်နှုန်းကွာဟချက်အပေါ် ဆန်းစစ်ခြင်း (Training of Trainer-TOT) ဆင့်ပွားဆရာဖြစ်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းထိန်က စားရေရိက္ခာဖူလုံရေးနှင့် တောင်သူများ ဝင်ငွေတိုးတက်ပြီး လူမှုစီးပွားဘဝပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် သီးနှံစုံပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် အထွက်နှုန်းကွာဟချက်အပေါ် ဆန်းစစ်ခြင်း လုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးဝင်းထိန်၊ သင်တန်းနည်းပြဆရာမ ဒေါက်တာမိုးဆွေရည်နှင့် မြို့နယ်ဦးစီးမှူးများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။ ဖွင့်ပွဲအခမ်းအနားပြီးနောက် သီးနှံစုံပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် အထွက်နှုန်းကွာဟချက်အပေါ် ဆန်းစစ်ခြင်း (Training of Trainer-TOT) ဆရာဖြစ် သင်တန်းကို သင်တန်းနည်းပြ ဆရာမ ဒေါက်တာမိုးဆွေရည်က စာတွေ့လက်တွေ့ ဆွေးနွေးပို့ချခဲ့ကြောင်း သိရှိရသည်။

အလင်းသစ် (ချမ်း/စည်)