မိုင်းဆတ် နိုဝင်ဘာ ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ငလျင်ဘေးသဏ္ဌာန်တူသရုပ်ပြပွဲကို နိုဝင်ဘာ ၁၇ ရက် နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း-ခွဲ၊ အလက-၂ ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအားလွန်ကအဖွင့်အမှာစကားပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲလင်းအောင် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များ၊ ခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာရွှေနှင့်ဝန်ထမ်းများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်အသင်းအဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူများက သဘာဝဘေးအန္တရာယ်ဆိုင်ရာ ငလျင်ဘေးအန္တရာယ်ဖြစ်ပွားလာပါက သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်သရုပ်ပြမှုကို ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)