ဒလ နိုဝင်ဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၊ အမှတ် (၇) အခြေခံပညာမူလတန်းကျောင်းတွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိ ပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁ဝ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ အဖွဲ့ဝင် ဦးရွှေလှိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဝေနိုင်ထွန်းက သဘာ၀ဘေးအန္တရာယ်အကြောင်း အသိပညာပေးပြောကြားရာတွင် ငလျင်အန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ထားရန်အချက်များ၊ ငလျင်လှုပ်နေစဉ်အတွင်း လိုက်နာရန်အချက်များ၊ ငလျင်လှုပ်ပြီးနောက် ပြုလုပ်ရန်အချက်များနှင့် ရှောင်ရှားသင့်သည့်အချက်များ၊ မုန်တိုင်းအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ထားရမည့်အချက်များ၊ မုန်တိုင်းကျရောက်လာပါကလိုက်နာမည့်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေချိန်တွင် ရှောင်ရှားသင့်သည့်အချက်များ၊ မုန်တိုင်းအန္တရာယ်ကျရောက်ပြီးပါက လိုက်နာရမည့်အချက်များ၊ မုန်တိုင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရန်အချက်များနှင့် မိုးလေ၀သသတင်းများ ကို စဉ်ဆက်မပြတ်နားထောင်ပြီး အကြံပြုချက်များကို လိုက်နာဆောင်ရွက်သင့်ကြောင်း စသည့် အကြောင်း အရာများကို ဟောပြောခဲ့ပါသည်။
ထို့နောက် တက်ရောက်လာသော ကျောင်းသား/ ကျောင်းသူများကို သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေပေးခဲ့ပြီး သဘာ၀ဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ပါ၀င်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ရဲရင့်သူ (ပြန်/ဆက်)