ကွန်ဟိန်းမြို့၌ တက္ကသိုလ်တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများ ကြိုတင်မဲပေးခြင်းများဆောင်ရွက်

ကွန်ဟိန်း နိုဝင်ဘာ ၁၈

 ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၌ တက္ကသိုလ်တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများသည် ယနေ့နံနက် (၁၁)နာရီခွဲခန့်က အမှတ်(၁)နှင့် အမှတ်(၃) ရပ်ကွက်ရုံးတို့တွင် ဆန္ဒပြုမဲပေးခဲ့ကြကြောင်း သိရသည်။

ထိုသို့မဲပေးရာ၌ မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများမှ အသက်(၁၈)ပြည့်ပြီး၍  မဲပေးပိုင်ခွင့်ရှိသည့် တက္ကသိုလ်တက်ရောက်တော့မည့် ကျောင်းသား၊ ကျောင်းသူများ တို့သည် မိမိတို့ရပ်ကွက် မဲဆန္ဒနယ်အလိုက် အရွေးချယ်ခံနိုင်ငံရေး ပါတီကိုယ်စားလှယ်လောင်း အသီးသီး အား ဆန္ဒပြုကြိုတင်မဲပေးခဲ့ကြောင်းသိရသည်။

ထိုသို့ကြိုတင်မဲများဖြင့် အောင်မြင်စွာ လျှို့ဝှက်မဲပေးနိုင်ရေး မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ရပ်ကျေးစာရေးများတို့က ကြီးကြပ် ဆောင်ရွက်ပေးခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းနိုင်နှင့် အဖွဲ့ဝင်များတို့က လိုအပ်သည်များ  ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)