လှည်းကူး နိုဝင်ဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများကို မြို့နယ်အတွင်းရှိ ရပ်ကွက်များ၌ ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများအားထိုးနှံပေးခဲ့သည်။
ထိုသို့ ကိုဗစ်-၁၉ ကာကွယ်ဆေးများထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူးအဆင့်(၁) ဒေါ်အေးအေးနိုင်နှင့် ဒေါ်တင်တင်ဝင်းတို့၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးရန် လာရောက်သည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများအား အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ကိုယ်အလေးချိန်တိုင်းတာပေးခြင်းနှင့် လိုအပ်သည်များကို ဆောင်ရွက်ကာ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)