ကျောက်တန်း နို၀င်ဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ မီးသတ်ဦးစီးရုံး အကြိုအခြေခံမီးသတ်ပညာသင်တန်း အမှတ်စဉ်(၆/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉) နာရီအချိန်က ကျောက်တန်းမြို့နယ်၊ ကမာကလုတ်တိုက်နယ်၊ ကမာကလုတ်ကျေးရွာဓမ္မာရုံ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးစိုးမြင့်ကျော်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ကျော်ဝင်းမှ သင်တန်းဖွင့်ခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားရာတွင် ယခုသင်တန်းမှပို့ချသည့် မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များ ကြိုတင်ကာကွယ်ရေးအတွက် စာတွေ့၊ လက်တွေ့သင်တန်းများကို စနစ်တကျသင်ကြားပြီး မီးလောင်မှုများ၊ သဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာပါက ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုကြောင်းနှင့် ကြုံတွေ့ခဲ့ရသော မီးလောင်မှုဖြစ်စဉ်များ သဘာဝဘေးအန္တရာယ်များ သိမှတ်ဖွယ်ရာအဖြစ် အသိပညာပေးများကို ပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးစိုးမြင့်ကျော်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ကျော်ဝင်းနှင့် ဌာနဆိုင်ရာတာ၀န်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ရပ်မိ/ရပ်ဖများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်၊၊
သင်တန်းကာလမှာ နိုဝင်ဘာလ ၁၈ ရက်နေ့မှ နိုဝင်ဘာလ ၂၇ ရက်နေ့အထိ (၁၀)ရက်ဖြစ်ပြီး သင်တန်းသား(၉၉)ဦးဖြင့် စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ပြီးကြောင်း သတင်းရရှိသည်။