နိုင်ငံခြားဘာသာတက္ကသိုလ်များ သုတေသနစာတမ်းဖတ်ပွဲ (၂ဝ၂၅) ကျင်းပ

ကမာရွတ် နိုဝင်ဘာ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်တွင် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်နှင့်မန္တလေး နိုင်ငံခြားဘာသာတက္ကသိုလ်တို့ ပူးပေါင်းဆောင်ရွက်သော နိုင်ငံခြားဘာသာတက္ကသိုလ်များ သုတေသနစာတမ်းဖတ်ပွဲ ၂ဝ၂၅ ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၇ ရက်နေ့နှင့် ၁၈ ရက်နေ့များတွင် LRC-103 ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင့်တင့်နှင့် ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာမေစန်းရီတို့က ကြိုဆိုနှုတ်ခွန်းဆက် စကားများပြောကြားပြီး သုတေသနစကားဝိုင်းဆွေးနွေးပွဲကို ကျင်းပခဲ့သည်။ ထို့နောက် စာတမ်းဖတ်ပွဲကိုကျင်းပရာ ပထမနေ့တွင် စာတမ်းရှင် (၁ဝ) ဦးက စာတမ်း (၁၀) စောင်ကို တင်သွင်းဖတ်ကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယနေ့ကိုကျင်းပရာ စာတမ်းရှင် (၁၃) ဦးမှ စာတမ်းပေါင်း (၁၃) စောင်ကို ဖတ်ကြားခဲ့ကြပြီးနောက် စာတမ်းရှင်များအား ဂုဏ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး စုပေါင်း မှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း သိရပါသည်။

စိမ်းလဲ့