ကွမ်းခြံကုန်းမြို့နယ် ဈေးကွက်အတွင်း ရောင်းချနေသော အသင့်သောက်အချိုရည်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်

ကွမ်းခြံကုန်း နိုဝင်ဘာ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ကွမ်းခြံကုန်း၊ မြို့မဈေးတွင် ရောင်းချနေသော အသင့်သောက် အချိုရည်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

ကွင်းဆင်းဆောင်ရွက်ရာတွင်  Roal-D (သီးစုံဓါတ်အားဖြည့်ဖျော်ရည်) ၊SPEED (အားဖြည့်အချိုရည်) ၊ VeVe (လိုင်ချီအချိုရည်) ၊ SHARK (အားဖြည့်အချိုရည်) ၊ SunKist လိ‌မ္မော်အရသာအချိုရည်တို့တွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှု ရှိ/မရှိ စစ်ဆေးခဲ့ကြောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံဒေါ်နွယ်နွယ်အေးက အသင့်သောက်အချိုရည်များသည် ကလေးများနှင့်အရွယ်စုံလူတန်းစာမရွေး ကြိုက်နှစ်သက်ကြသဖြင့် ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် လုံခြုံစိတ်ချမှုရှိစေရေးအတွက် ကုန်အညွန်းအမှတ်အသားများ ပြည့်စုံသော အချိုရည်များကိုသာ ရွေးချယ်ဝယ်ယူရောင်းချကြရန် လုပ်ငန်းရှင်များအား ဆွေးနွေးပြောကြားခဲ့ပါသည်။

ထိုသို့စစ်‌ဆေးရာတွင် ကွမ်းခြံကုန်းမြို့နယ် စားသုံးသူ‌ရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးနှင့် မြို့နယ်စည်ပင်သာယာရေးရာအဖွဲ့၊ ဈေးတာဝန်ခံကျန်းမာရေး (၃) ဦးထွန်းထွန်းတို့က ပူးပေါင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ဆွေနွယ်(ပြန်/ဆက်)