မောက်မယ်မြို့နယ်၌ တက္ကသိုလ်/ ကောလိပ်တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများ ကြိုတင်ဆန္ဒမဲပေး

မောက်မယ် နိုဝင်ဘာ ၁၈

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအားလုံး ဆန္ဒမဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မောက်မယ်မြို့နယ်၌ တက္ကသိုလ်/ကောလိပ်သို့ တက်ရောက်ရမည့် ကျောင်းသား၊ ကျောင်းသူများ ကြိုတင်ဆန္ဒမဲပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက သက်ဆိုင်ရာ ရပ်ကွက်ကော်မရှင် အဖွဲ့ခွဲရုံးတွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် လင်းခေးခရိုင်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကျော်အေး၊ မောက်မယ်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းသက်နိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပါတီကိုယ်စားပြုအဖွဲ့များ၊ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ရှေ့မှောက်တွင် တက္ကသိုလ်/ကောလိပ်သို့ တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများက ကြိုတင်ဆန္ဒမဲပေးခဲ့ကြကြောင်း သိရသည်။

မောက်မယ်(ပြန်/ဆက်)