ရန်ကုန် နိုဝင်ဘာ ၁၈
သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ယမန်နေ့ ညနေပိုင်းက ဆောင်ရွက်ခဲ့ကြသည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်၊ ဉာဏ်ရည်၊ ဉာဏ်သွေး ဖွံ့ဖြိုးစေရန်နှင့် ဗလငါးတန်နှင့်ပြည်စုံကာ ပညာပြည့်ဝနှလုံးလှသော လူငယ်များဖြစ်အောင် ကြိုးစားစေလိုကြောင်း ပြောကြားပြီး ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ကျင်းပခဲ့သည်။
ထို့နောက် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲတွင် ဖြေဆိုနိုင်သည့်ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီသီပေးအပ်ခဲ့ကြောင်း သိရသည်။
ဖြိုးသီဟ (သန်လျင်)