မောက်မယ်မြို့နယ်၌ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်

မောက်မယ် နိုဝင်ဘာ ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မောက်မယ်မြို့နယ် အ.ထ.က(မောက်မယ်) နှင်းဆီဆောင်ခန်းမ၌ သစ်တောဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ သစ်တော ထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကို ယမန်နေ့မွန်းလွှဲပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မောက်မယ်မြို့နယ် မီးသတ်ဦးစီးမှူး ဦးသန်းလင်းအောင်က မီးခိုးမြူငွေ့နှင့် လေထု ညစ်ညမ်းမှုများကိုလည်းကောင်း၊ မိုးနဲမြို့နယ် သစ်တောဦးစီးမှူး ဦးစိုင်းကျော်အောင်အောင်က သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေး၊ မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာများ၊ သစ်တော သစ်ပင်အရေးပါပုံများနှင့် သစ်တောဦးစီးဌာန၏ ဆောင်ရွက်ချက်များကို အကျယ်တဝင့် ရှင်းလင်း ဟောပြောပြီး ရှင်းလင်းဆွေးနွေးချက်များအပေါ် မေးခွန်းတိုများမေးမြန်းရာ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများထဲက အဖြေမှန်သောသူများအား မောက်မယ်သစ်တောတာဝန်ခံ ဦးဇော်ညိုက လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)