ပင်းတယမြို့နယ်၌ တက္ကသိုလ်ကျောင်းတက်မည့် ကျောင်းသား/ကျောင်းသူများအား ကြိုတင်ဆန္ဒမဲပေးစေခြင်းများ ဆောင်ရွက်ပေး

ပင်းတယ နိုဝင်ဘာ ၁၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် တက္ကသိုလ်ကျောင်းတက်မည့် ကျောင်းသား/ကျောင်းသူများအား ကြိုတင်ဆန္ဒမဲပေးစေခြင်းများကို ယမန်နေ့မွန်းလွဲပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်  ပြုလုပ်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွားများမှ ‎ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကျေးစာရေးများက တက္ကသိုလ်ကျောင်းတက်ရောက်မည့် ကျောင်းသား/‌ကျောင်းသူများအား ကြိုတင်ဆန္ဒမဲပေးစေနိုင်ရေးအတွက် ပုံစံ (၁၃) ဖြင့် ဖောင်ဖြည့်ရေးသွင်းပေးပြီး လျို့ဝှက်မဲပုံးတွင် မိမိတို့နှစ်သက်ရာ ပါတီတို့အား ဆန္ဒမဲပေးစေခဲ့ရာ ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၉၄ ဦးဆန္ဒပြုမဲပေးခဲ့ကြကြောင်း သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)