သာကေတမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

သာကေတ နိုဝင်ဘာ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ယမန်နေ့မွန်းလွဲ၁၂နာရီအချိန်၌ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ကြသည်။

ရှေးဦးစွာအစည်းအဝေးတွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာခြင်းမပြုမီ မဲစာရင်းများ မှန်ကန်မှုရှိအောင် မြို့နယ်ထွေ/အုပ်၊မြို့နယ်လဝက၊ရပ်ကွက်အုပ်ချုပ်‌ရေးမှူးများ၊ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲနှင့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်တို့ဖြင့် မဲစာရင်းများ ပြည့်စုံမှန်ကန်ရေး စိစစ်ဆောင်ရွက်နေမှုကိစ္စများ၊ ဒုတိယအကြိမ် မဲစာရင်းများကြေညာရာတွင်လည်း ပြည့်စုံမှန်ကန်စေရေးအတွက် စာရင်းများတိုက်ဆိုင်စစ်‌ဆေးခြင်း၊ ပြင်ဆင်ဖြည့်စွက်ခြင်း၊အတည်ပြုခြင်းများကို အချိန်မီ‌ဆောင်ရွက်ရန်ကိစ္စ၊ မဲစာရင်းစစ်‌‌ဆေးရေးအဖွဲ့ဖွဲ့စည်းရန်ကိစ္စများ၊ စာရင်းဇယားများ မှန်ကန်စေရေးကိစ္စများ၊ ကြိုတင်မဲပေးခြင်းဆိုင်ရာကိစ္စရပ်များ၊ လုံခြုံရေးကိစ္စရပ်များ၊ပါ တီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုတင်ဆောင်ရွက်နေမှုကိစ္စများနှင့်ပတ်သက်၍ အသေးစိတ်ဆွေးနွေးခဲ့ကြသည်။

သာကေတမြို့နယ် စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့၀င်များ၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းနိုင်၊ မြို့နယ်လဝကဦးစီးမှူး ဦးစိုးမိုးထွန်း၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဒေါ်နှင်းယုကျော်၊ မြို့နယ်ထွေ/‌အုပ်ရပ်ကျေးစာရေးများ၊ လဝကတိုက်နယ်မှူးများ စုစုပေါင်းအင်အား ၅၀ ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။

သဲထက်ဇင်(ပြန်/ဆက်)