ကျောက်တန်း နို၀င်ဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် မီးသတ်ဦးစီးရုံး အကြိုအခြေခံမီးသတ်ပညာသင်တန်းအမှတ်စဉ်(၅/၂၀၂၅)ဆင်းပွဲအခမ်းအနားကို နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက်(၉)နာရီအချိန်က ကျောက်တန်းမြို့နယ်၊ ကမာကလုတ်တိုက်နယ်၊ ချောင်းဝကျေးရွာ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ချောင်းဝကျေးရွာ နယ်မြေစခန်းမှူး ဗိုလ်ကြီးရွှေမြင့်က သင်တန်းဆင်းအမှာစကားပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ကျော်ဝင်းက ကျေးဇူးတင်စကားပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို ကျောက်တန်းမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ ကျောက်တန်းမြို့နယ်နှင့် ချောင်းဝကျေးရွာတို့မှ ရပ်ကွက်ကျေးရွာအုပ်စု ၉ အုပ်စုမှ သင်တန်းသား (၆၈)ဦးဖြင့် ဖွင့်လှစ်ပေးခဲ့သည်။
အခမ်းအနားကို တာ၀န်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ သင်တန်းသားများတက်ရောက်ခဲ့ပြီး မီးဘေးအန္တရာယ်၊ သဘာဝဘေးအန္တရာယ်များကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် နိုဝင်ဘာလ ၇ ရက်နေ့မှ နိုဝင်ဘာလ ၁၆ ရက်နေ့ထိ (၁၀) ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ခဲ့ကြောင်း သတင်းရရှိသည်။
သန့်ဇင်ထွန်း