မချမ်းဘော နိုဝင်ဘာ ၁၈
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် မကြာမီကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းမှန်ကန်စေရေးနှင့် တက္ကသိုလ်၊ ဒီဂရီကောလိပ်ကျောင်းများသို့ တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများ သတ်မှတ်ကာလအတွင်း ကြိုတင်ဆန္ဒမဲများပေးနိုင်ရေး ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် လှည့်လည်နှိုးဆော်အသိပညာပေးခြင်းကို ယမန်နေ့နံနက် ၁၁ နာရီက မချမ်းဘောမြို့ပေါ်ရပ်ကွက်များ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဆောင်ရွက်ရာတွင် ရပ်ကွက်၊ ကျေးရွာများရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်သို့တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မကြာမီကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ကြိုတင်ဆန္ဒမဲများကို သတ်မှတ်ကာလဖြစ်သည့် နိုဝင်ဘာလ ၁၇ ရက်မှ နိုဝင်ဘာလ ၂၁ ရက်နေ့အတွင်း မဲပေးနိုင်ရေးကို အလေးထားဆောင်ရွက်ကြရန်နှင့် မိမိတို့ရပ်ကွက်၊ ကျေးရွာများအတွင်း ကြိုဆင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မကျန်ရှိစေရေးတို့ကို ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်းကို လှည့်လည်၍ အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာသို့ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးတူးဂျာ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဦးစီးအရာရှိ ဦးမိုးအောင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲဝင်များ ပါဝင်ဆောင်ရွက်ခဲ့ပြီး မချမ်းဘောမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၅စုရှိ ကျေးရွာများ၌လည်း ကြိုတင်ဆန္ဒမဲပေးနိုင်ခွင့်ရှိသူ မကျန်ရှိရှိစေရေး ဆက်လက်အသိပညာပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ယောရွှေနီ (မချမ်းဘော)