ဒလမြို့နယ်၌ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင် လုပ်ငန်းလမ်းညွှန်သင်တန်း ဖွင့်လှစ်

ဒလ  နိုဝင်ဘာ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ပြုလုပ်မည့် မဲရုံ (၈၈) ရုံအတွက် မဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်တာဝန်ထမ်းဆောင်မည့် ပညာရေးဝန်ထမ်း (၁၇၆) ဦး၊ ရပ်/ကျေးကော်မရှင် အဖွဲ့ခွဲ (၁၈၈) ဦးတို့အား ဖွင့်လှစ်ပို့ချသွားမည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့၀င် လုပ်ငန်းလမ်းညွှန်သင်တန်း (ပထမ) အကြိမ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် သီရိဇေယျနော်ရထာခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညွန့်နွယ်က ရွေးကောက်ပွဲလုပ်ငန်းစဉ်များ ချောမွေ့မှန်ကန်စေရန်၊ မဲရုံအဖွဲ့ဝင်များအနေဖြင့် မိမိတို့၏ တာဝန်ဝတ္တရားများကို ရှင်းလင်းပြတ်သားစွာနားလည်ပြီး စနစ်တကျထမ်းဆောင်နိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။

အခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညွန့်နွယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့၀င်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့၀င်များ၊ သင်တန်းနည်းပြများ၊ သင်တန်းသား/သင်တန်းသူများ စုစုပေါင်း အင်အား (၁၄၀) ဦး တက်ရောက်ခဲ့ကြသည်။ 

သင်တန်းကာလမှာ နိုဝင်ဘာ (၁၇) ရက်နေ့မှ (၁၈) ရက် နံနက် (၉) မှ ညနေ (၄) နာရီအထိဖြစ်ပြီး ဒုတိယအကြိမ်သင်တန်းကို နိုဝင်ဘာ (၁၉) ရက်နေ့မှ (၂၀) ရက်နေ့အထိ ဖွင့်လှစ်ပို့ချသွားမည်ကြောင်း သိရသည်။

ရဲရင့်သူ (ပြန်/ဆက်)