တိုက်ကြီး နိုဝင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၌ ဆရာ၊ ဆရာမများ သင်ကြားရေးအရည်အသွေးမြင့်မားစေရေးရည်ရွယ်၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်(မွမ်းမံ)သင်တန်းကို နိုဝင်ဘာ ၁၄ ရက်နေ့မှစ၍ ဖွင့်လှစ်လျက်ရှိသည်။
အဆိုပါ ဘာသာရပ်စွမ်းရည်မြှင့်(မွမ်းမံ)သင်တန်းကို အ.ထ.က(မြို့မ)၊ အ.ထ.က စက်၊ စိုက်၊ မွေး(တိုက်ကြီး)၊ အ.ထ.က(ခွဲ)(မြို့မ ၃)တို့တွင် နံနက် ၉ နာရီမှ ညနေ ၄ နာရီ ၁၀ မိနစ် အထိ ဖွင့်လှစ်လျက်ရှိပြီး တိုက်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ ဆရာ၊ ဆရာမ၊ စုစုပေါင်း ၂၀၄၀ ဦးအား နိုဝင်ဘာ ၁၄ ရက်နေ့မှ နိုဝင်ဘာ ၁၆ ရက်နေ့အထိ သုံးရက်ကြာ နည်းပြများက သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)