မူဆယ် နိုဝင်ဘာ ၁၄
၂၀၂၅ ခုနှစ်၊ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ ဖလား(၂)ယောက်တွဲ၊ (၃)ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ မြို့နယ်အားကစားကွင်းတွင် ယမန်နေ့ညနေ ၄ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲများကို နိုဝင်ဘာလ ၁၀ ရက်နေ့တွင် စတင်ယှဉ်ပြိုင်ခြင်းဖြစ်ကာ ပိုက်ကျော်ခြင်း (၂)ယောက်တွဲ ပြိုင်ပွဲကိုအသင်း(၁၄)သင်းနှင့် (၃)ယောက်တွဲပြိုင်ပွဲကို အသင်း(၁၃)သင်းတို့က ပါဝင်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး ယနေ့တွင် (၂)ယောက်တွဲဗိုလ်လုပွဲနှင့် (၃)ယောက်တွဲဗိုလ်လုပွဲကို ယှဉ်ပြိုင်ကြရာ (၂)ယောက်တွဲတွင် ပထမဆုကို စက်မှုအသင်းနှင့် ဒုတိယဆုကို ဆရာကြီးအသင်းက လည်းကောင်း၊ (၃)ယောက်တွဲပြိုင်ပွဲတွင် ဆရာကြီး(က)အသင်းနှင့် ဒုတိယဆုကို ဆရာကြီး(ခ) အသင်းတို့က အသီးသီးရရှိခဲ့ကြသည်။
ပြိုင်ပွဲအပြီးတွင် ဆုများကို ဆက်လက်ချီးမြှင့်ရာ ပိုက်ကျော်ခြင်း (၂)ယောက်တွဲတွင် ပထမ၊ ဒုတိယနှင့် တတိယနှင့် (၃)ယောက်တွဲပြိုင်ပွဲတွင် ဒုတိယနှင့် တတိယဆုရရှိကြသော အသင်းများအား တာဝန်ရှိသူများက ဆုများပေးအပ်ခဲ့ပြီး (၃)ယောက်တွဲပြိုင်ပွဲတွင် ပထမဆုရရှိသော အသင်းအား ဂုဏ်ပြုဆုငွေ၊ ဆုတံဆိပ်နှင့် ဒိုင်းဆုအား မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းက ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ချယ်ရီမြေ(မူဆယ်)