မြစ်ကြီးနား နိုဝင်ဘာ ၁၄
ကချင်ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၏ (၃၄) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး ထပ်ဆင့်ရှင်းလင်းခြင်းအခမ်းအနားကို ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ယမန်နေ့နံနက် ၈ နာရီခွဲက ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်၊ မြို့အသင်းခွဲများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ ကချင်ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက၊ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီးဒေါ်နန်ဆိုင်းက (၃၄)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးတွင် အသင်းကြီး၏ရှေ့လုပ်ငန်းစဉ်များအပေါ် ကချင်ပြည်နယ်အတွင်း လုပ်ငန်းစဉ်အလိုက် အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေး ခရိုင်၊ မြို့နယ်၊ မြို့အသင်းခွဲများအားလုံးက တစ်ပြေးညီတစ်ညီတစ်ညွတ်တည်း ကြိုးပမ်းဆောင်ရွက်ကြရေး ရှင်းလင်းပြောကြားပြီး ပြည်နယ်ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်သန္တာဝင်း က (၃၄) ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးဆုံးဖြတ်ချက်များအား ထပ်ဆင့်ရှင်းလင်းတင်ပြ ခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြပြီး ပြည်နယ်ကြီးကြပ်ရေးအဖွဲ့နှင့်အတူ ခရိုင်/ မြို့နယ်၊ မြို့အသင်းခွဲများ၏လုပ်ငန်းများစဉ်များအပေါ် လှုပ်ရှားဆောင်ရွက်နိုင်ခဲ့သည့် ဂုဏ်ပြုဗီဒီယိုကလစ် ဖွင့်လှစ်ပြသမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ကြီးကြပ်ရေးအဖွဲ့အတွင်းရေးမှူး ဒေါက်တာဖြူဖြူသန့်က အသင်း၏လုပ်ငန်းလှုပ်ရှားဆောင်ရွက်မှုများကိုလည်းကောင်း၊ ပြည်နယ်ကြီးကြပ်ရေးအဖွဲ့ ဘဏ္ဍာရေးမှူးက ၂၀၂၄-၂၀၂၅ ခုနှစ်၊ ငွေစာရင်းရှင်းတမ်းများကိုလည်းကောင်း၊ ခရိုင်ကြီးကြပ်ရေးအဖွဲ့များမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက ၂၀၂၄ ခုနှစ်၊ အသင်း၏လုပ်ငန်းလှုပ်ရှားဆောင်ရွက်မှုများကိုလည်းကောင်း ပါဝါ ပွိုင့်ဖြင့် အသီးသီးရှင်းလင်းတင်ပြခဲ့ကြသည်။
ဆက်လက်၍ တက်ရောက်လာသည့် ပြည်နယ်ကြီးကြပ်ရေးအဖွဲ့ဝင်များက တင်ပြချက်များအပေါ် သုံးသပ်ရှင်းလင်းဆွေးနွေးခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များ ဆောင်ရွက်သွားရမည့် အစီအစဉ်များအပေါ် အသီးသီးတင်ပြဆွေးနွေးခဲ့ကြရာ ပြည်နယ်ကြီးကြပ်ရေးအဖွဲ့နာယကကြီးက နိဂုံးချုပ်အမှာစကား ပြောကြားပြီး တာဝန်ရှိသူများနှင့်အတူ ပြည်နယ်ကြီးကြပ်ရေးအဖွဲ့နှင့် ခရိုင်အလိုက် လုပ်ငန်း လှုပ်ရှားဆောင်ရွက်နိုင်ခဲ့မှု မှတ်တမ်းဓာတ်ပုံပြခန်းအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)