မြစ်ကြီးနား နိုဝင်ဘာ ၁၄
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်သည် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များမှ ခေါင်း ဆောင်များ၊ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ မြစ်ကြီးနားမြို့၌ ကျင်းပပြုလုပ်သွားမည့် ၂၀၂၅ ခုနှစ်၊ ရိုးရာ ကောက်သစ်စား (အင်လုံအင်နန်ရှား)ပွဲတော်နှင့် လူမျိုးပေါင်းစုံယဉ်ကျေးမှုဖလှယ်ပွဲ အခမ်းအနားများတွင် တိုင်းရင်းသားအဖွဲ့အစည်းပေါင်းစုံ အတူတကွပါဝင်ဆင်နွှဲနိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးက၂၀၂၅ ခုနှစ်၊ ရိုးရာကောက်သစ်စား (အင်လုံအင်နန်ရှား)ပွဲတော် နှင့် လူမျိုးပေါင်းစုံယဉ်ကျေးမှုဖလှယ်ပွဲအခမ်းအနားများတွင် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အသီးသီးမှ အကအဖွဲ့များဖြင့် မိမိတို့၏ ရိုးရာယဉ်ကျေးမှုများကို အစွမ်းကုန်ထုတ်ဖော်ပြသနိုင်ရေး အားလုံးက စည်းလုံးညီညွတ်စွာ ပါဝင်ဆင်နွှဲကြရမည်ဖြစ်ပါကြောင်းနှင့် တိုင်းရင်းသားရေးရာဝန်ကြီးဖလား ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကိုလည်း အားလုံးကအလေးအနက်ထား၍ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ပါဝင်ကူညီဆောင်ရွက်ပေးကြရန်နှင့် လိုအပ်သည်များ ပူးပေါင်းချိတ်ဆက်ဆောင်ရွက် ကြရန်လိုအပ်ပါကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်နယ်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ ပြည်နယ်တာဝန်ခံ ဦးခင်မောင်ထွန်းက တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များအနေဖြင့် ပွဲတော်များတွင် သက်ဆိုင်ရာ ကဏ္ဍအလိုက် ပါဝင်ကူညီဆောင်ရွက်သွားရမည့် လုပ်ငန်းတာဝန်များအား ရှင်းလင်းတင် ပြခဲ့ပြီး တက်ရောက်လာသည့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များမှ ခေါင်းဆောင်များက ကြိုတင်ပြင်ဆင်ထားရှိမှုများနှင့် ပါဝင်ဆောင်ရွက်ရာတွင်လိုအပ်သည်များကူညီပံ့ပိုးပေးနိုင် ရေး အသီးသီးတင်ပြဆွေးနွေးကြရာပြည်နယ်ဝန်ကြီးက လိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်း၍ ဖြည့် ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)